Credit Original uploader
#MCBရဲ့namePlateဖတ်နည်း
MCB ဆိုတာကတော့ Miniature Circuit Breaker
လို့ခေါ်ပါတယ်။တခါတလေ mini circuit breaker လို့လည်းခေါ်ပါတယ်။
mcb တွေကို domestic and industry လိုမျိုးတွေမှာ fuse ကဲ့သို့ safety protection အတွက်သုံးပါတယ်။
MCB တွေကိုဝယ်တဲ့အခါမှာ သေချာရွေးချယ်ဝယ်ယူတတ်ဖို့လိုပါတယ်။ များသောအားဖြင့်ကတော့MCB rating ကိုပဲကြည့်ဝယ်ကြတာပါ။အဲ့ဒါတခုပဲကြည့်ဝယ်လို့မ ရပါဘူး။ MCB တခုကို ဝယ်မယ်ဆိုရင် ဒီအချက်တွေကိုသိထား မယ်ဆိုများစွာအထောက်ကူပြုမှာပါ။
MODEL NUMBER
ဒါကတော့ ဘာပစ္စည်းပဲဖြစ်ဖြစ် ထုတ်လုပ်သူတွေကထည့်သွင်းဖော်ပြ ထားတတ်ကြပါတယ်။ဒါပါလာတော့ ထုတ်လုပ်ရောင်းချသူနဲ့ Communicate လုပ်ဖို့လွယ်တာပေါ့။
Current and Curve Rating
အခုပုံမှာပြထားတာမှာဆိုရင် C20 ဆိုပြီးတွေ့မယ်ထင်ပါတယ်။C ဆိုတာက characteristic curve ကိုပြောထားတာဖြစ်ပါတယ်။ Characteristic curve 3 ခုရှိပါတယ်။ ဘာတွေလဲဆိုတော့ B , C & D ပဲဖြစ်ပါတယ်။ B type ရဲ့ short circuit rating က standard rated current ရဲ့ 3-5 times ရှိပါတယ်။ဒါကဘာလဲဆိုတော့ trip time'ကိုပြောထားခြင်းပဲဖြစ်ပါတယ်။ time rating နည်းလေး trip ဖြစ်တာမြန်လေဖြစ်ပါတယ်။ ဒါကတော့ကိုယ်သုံးမယ့် load ပေါ်မူတည်ပါတယ်။
C curve ကတောshort circuit rating က့ standart rating current ထက် 5-10 times ရှိပါတယ်။ D type ကတော့ 10-20 times'ရှိပါတယ်။ ပုံမှန်အားဖြင့် resistive load တွေအတွက်ဆိုရင် B type ကိုသုံးပါတယ်။ C & D ကိုတော့ inductive load တွေမှာသုံးပါတယ်။ mcb rating ကိုကြည့်ဝယ်ရင်အခုပြောတဲ့ curve type ကို သိဖို့လည်းလိုပါတယ်။
Operation Voltage Capacity
ဒါကတော့ ပုံမှန်အားဖြင့် 3 phase အတွက်ဆိုရင် 400v or 415v နဲ့ပြထားတတ်ပါတယ်။ Single အတွက်ဆိုရင်တော့ 230 လို့ပြထားတတ်ပါတယ်။
Breaking Capacity
ဒါကတော့ Fault ဖြစ်တဲ့အခါ အမြင့်ဆုံး fault current level ကို safety cleared လုပ်ပေးနိုင်တဲ့ပမာဏပါ။ ဆိုလိုတာ ဒီလောက် fault current ထိခံနိုင်တယ် ဒီထက်ကျော်ရင်တော့ mcb လောင်ပါမယ်။
Energy Class
Class က သုံးခုရှိပါတယ်။ Class1 , 2 ,3 ဆိုပြီးသုံးခုရှိပါတယ်။ Class 3 ကတော့အကောင်းဆုံးပေါ့။
Status Induicator
ဒါကတော့ mcb On and Off ကိုပြထားတာပဲဖြစ်ပါတယ်။
Operating symbol
Mcb ရဲ့ Operating mechanism ပြထားတာဖြစ်ပါတယ်။ dwg ဆွဲတဲ့အခါ ဒီ သင်္ကေတတွေနဲ့သုံးပါတယ်။
Catalog number
ဒီနံပါတာကတော့အခု mcb နဲ့ပတ်သတ်ပြီးတော့ website မှာ datasheet ကအစရှာလို့ရအောင်ပါ။
ပြန်ပြောရရင် mcb'မှာပါတာက
Model num
Max Current rating
Breaking capacity type Short Circuit current
Operating voltage
tripping curve type
Energy class
On & Off indicator
Catalog num စတာတွေပဲဖြစ်ပါတယ်။
Crd#
0 Comments