Cooling Tower

Cooling Tower ဆိုသည်မှာ

💙💙💙💙💙💙💙💙💙💙💙💙💙

Cooling tower ဆိုတာ Heat Rejection Device အပူစွန့်ထုတ်ပေးသော equipment တစ်ခု ဖြစ်ပါတယ်။ ရေနံချက်စက်ရုံ၊ ရေနံဓာတုဗေဒစက်ရုံ၊ ကုန်ထုတ်စက်ရုံတွေမှာ စက်ရုံရဲ့အပူတွေကို စွန့်ထုတ်ဖို့effective အဖြစ်ဆုံးနဲ့တွက်ခြေအကိုက်ဆုံးဖြစ်တဲ့ cooling tower ကို အသုံးပြုပါတယ်။ အလွန်ကြီးမားတဲ့ High rise building တွေမှာလည်း cooling tower အငယ်စားတွေ အသုံးကြပါတယ်။ အဲ့လိုမျိုး cooling tower ကို တိုက်ရဲ့အမြင့်ဆုံးထပ်မှာ ထားလေ့ရှိပါတယ်။ အလွန် အလွန်မြင့်မားတဲ့building တွေဆိုရင် helicopter lift နဲ့ cooling tower ကို မတင်တာမျိုးတွေတောင် ရှိပါတယ်။ 


ရေနံချက်စက်ရုံလို စက်ရုံကြီးတွေမှာ အလွန်ကြီးမားတဲ့ဂီယာဘောက်မျိုးတွေမှာ lube oil cooling unit တွေ ရှိပါတယ်။ အဲ့လို unit မျိုးဆိုရင် heat exchanger အသေးပါရှိပြီး lube oil ကို cooling water နဲ့အအေးခံရပါတယ်။ 


Product operation design အရ အပူပေးအအေးခံတွေလုပ်ရတဲ့အခါ Heat Exchanger တွေ ထည့်သွင်းတည်ဆောက်ကြပါတယ်။ အအေးခံမဲ့အပိုင်းဆိုရင် heat exchanger ကို cooling water ပေးပို့ရပါတယ်။ 


Cooling water က အသွားလိုင်းကို Cooling water supply လိုင်းလို့ခေါ်ပြီး အပြန်လိုင်းကို cooling water return လိုင်းလို့ ခေါ်ပါတယ်။ Cooling tower ကနေ ကြီးမားတဲ့ပိုက်လိုင်းကြီးနဲ့ စက်ရုံထဲကိုသွယ်ပို့ရပါတယ်။ လိုအပ်တဲ့နေရာအသီးသီးကိုတော့ ပိုက်လိုင်းသေးတွေနဲ့ branch လိုင်းတွေခွဲပြီး ပို့ရပါတယ်။ Cooling water return လိုင်းမှာလည်း ပိုက်သေးလေးတွေနဲ့ ပြန်လာပြီး Main လိုင်းအကြီးထဲမှာ ပြန်ဆုံကာ နောက်ဆုံး ပိုက်လိုင်းအကြီးက Cooling Tower ဆီကို ပြန်ပို့ပေးပါတယ်။ အဲ့ရေတွေCirculation ဖြစ်နေအောင် Cooling tower နားမှာ Cooling water pump တွေ တည်ဆောက်ရပါတယ်။ အားလုံးနီးပါး လျှပ်စစ်မော်တာနဲ့ပဲ ပန့်တွေကို မောင်းပါတယ်။ 


Cooling tower အောက်ခြေမှာ ရေကန်ကြီး တည်ဆောက်ရပါတယ်။ ရေအေးတွေ စုဆောင်းကန်ပါ။ ပူတဲ့ရေတွေကို cooling water return လိုင်းကနေ အပေါ်ကနေ အောက်ကို ဖြန်းချပါတယ်။ ပါလာတဲ့အပူတွေကို အပေါ်က ဒလက်ကြီးတွေလည်ပြီး စွန့်ထုတ်ပါတယ်။ အဲ့လိုစွန့်ထုတ်တဲ့အခါ ရေတွေပါမသွားအောင် Demister ခံထားရပါတယ်။ 


အဲ့လို ဒလက်တွေတဲ့ အပူစွန့်ထုတ်တာ အအေးခံနှုန်းနည်းပါက ရေကို အေးစေဖို့ cooling tower ဘေးမှာ chiller တွေ တည်ဆောက်ပြီး အအေးခံရပါတယ်။ တချို့ကျတော့ Refrigerator လို့လည်း ခေါ်ကြပါတယ်။ Refrigent ထည့်သွင့်အအေးခံလို့ ရေကို အမြန်အေးစေပါတယ်။ 


Filter unit တစ်ခုကို Cooling tower ထဲကရေတွေကို အမြဲသန့်နေစေဖို့ ထည့်သွင်းတည်ဆောက်ရပါတယ်။ 


ရေရဲ့ဂုဏ်သတ္တိကို ထိန်းထားနိုင်ဖို့ Cooling tower ဘေးမှာ chemical dosing unit ကို ထည့်သွင်းတည်ဆောက်ရပါတယ်။ 


ခုနပြောတဲ့ ဒလက်ကြီးတွေလည်စေဖို့ လျှပ်စစ်မော်တာတွေ၊ ဂီယာဘောက်တွေနဲ့ တည်ဆောက်ရပါတယ်။ 


Cooling tower ဆောက်တဲ့ အဓိကဖရိန်ပိုင်းကို သံကြေးမတက်နဲ့ FRP material မျိုးကို အသုံးပြုရပါတယ်။ ဘုတ်နတ်တွေကို strainless steel ကို အသုံးပြုရပါတယ်။ 

Post a Comment

0 Comments