အလင်းရောင် စာကြည့်တိုက်သည် ပေါက်ကုန်းရပ်ကွက် မင်္ဂလာဒုံမြို့နယ်တွင်တည်ရှိသည်။
အခမဲ့ စာကြည့်တိုက်ဖြစ်သောလည်း စာကြည့်တိုက်အသင်းဝင်အဖြစ် မှတ်ပုံတင်ထားသူ
များအား စာကြည့်တိုက်ရှိ ရည်ညွှန်းစာအုပ်များမှအပ မည့်သည့်စာအုပ်ကိုမဆို ငှားရန်းခွင့်
ပြုထားပါသည်။အသက် ၁၂ ထိ ကလေးငယ်များအား အခမဲ့ငှားရန်းခွင့်ပြုထားပါသည်။
လက်ရှိတွင် စာအုပ် ငါးထောင်ကျော်ဖြင့် လုပ်ငန်းလည်ပတ်နေပြီ စာအုပ်များကို ထပ်မံဖြည့်
သွင်းလျှက်ရှိပါသည်။ ပုံနှိပ်စာအုပ်များသာမက အသံစာအုပ် Ebooks (pdf) များကိုပါ ဝန်
ဆောင်မှုပေးလျှက်ရှိပါသည်။ လူငယ်များအတွက် English four skills သင်တန်းများကို
လည်း ဖွင့်လှစ်ထားပါသည်။ စာကြည့်တိုက်ရှိစာအုပ်များသာမက online မှရှာဖွေဖတ်ရူနိုင်ရန်
အင်တာနက် အခမဲ့အသုံးပြုခွင့်ကိုလည်း ဆောင်ရွက်ပေးထားပါသည်။ အင်တာနက်အား
MBAPF နှင့် Ooredoo Myanmar မှထောက်ပံပေးထားပြီး၊ စာအုပ်စာတမ်းများအား
 Save the Library ၊ စာကြည့်တိုက်များ ဖေါင်ဒေရှင်း ရန်ကုန်တိုင်းတို့မှ လှူဒါန်းပေးပြီး
လစဉ်လည်း စာကြည့်တိုက်မှ ဝယ်ယူဖြည့်တင်းလျှက်ရှိပါသည်။

စာကြည့်တိုက်အား လာရောက်လေ့လာလိုလျှင် ဝမ်းမြောက်စွာကြိုဆိုလျှက်ရှိပါသည်။